စစ်အုပ်ချုပ်ရေးကြေငြာထားသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ပတ်အတွင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ဆယ်ဦးအထိရှိပြီး မီးရှို့ခံရသည့် အိမ်ခြေစုစုပေါင်းမှာလည်း ၈၀၀နီးပါးထိ ရှိခဲ့သည်။ အမျိုးသမီးနှင့် ကလေးများအပါအဝင် ဒေသခံများနှင့် ထောင်နှင့်ချီပြီး စစ်ဘေးရှောင်နေရသည်။ ကျန်းမာရေးမကောင်းဖြင့် မပြေးနိုင်သည့် သက်ကြီးရွယ်အိုအချို့ မီးလောင်သေဆုံးမှုရှိသလို စစ်ဘေးရှောင်အချို့နှင့် ရွာအတွင်း မီးဝင်ငြိမ်းရန် ကြိုးပမ်းသည့် ဒေသခံအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်ဟု ကာကွယ်ရေးအဖွဲ့များနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောကြားသည်။ သတင်း၊ တင်ဆက် - သူရမောင် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)